Friday, August 24, 2012

ရေသူ (ထီး/မ) များဧ။် တင်ပြချက်

  • ရေသူ (ထီး/မ) များဧ။် တင်ပြချက်

  အကြောင်းအရာ။         ။ ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးရန် အထက်သို့ တင်ပြရာတွင်
                                      တစ်ဆင့် တစ်ဆင့် ဖြင့် တင်ပြရင်းဖြင့် လူများသာ အထက်ဆင့်သို့ ရောက်ရှိရပုံ

ဒီနှစ်
ပိုပို ငတ်လာသလို ပိုပို ပြတ်လာ
ပိုပိုငတ်ပြတ်လာတယ်ဆိုတာ
အရင်ကထက် ပို၍ ပြတ်လပ် လာခြင်းပေါ့ ဆြာ။
အဖြစ်က မနှစ်ကထက်ဆိုး
ဒီနှစ် အသစ်ရတဲ့ မိုးက ဆိုးတယ်ဆြာ ။
ဆယ့်ငါးရက်အကြာမှာ တအား ငတ်လာပါတယ်
လှသထက်လှဖို့တို့ ၀သထက် ၀ဖို့တို့
ပြောသာပြောတယ် မလွယ်ဘူး
ဆြာ တကယ် မလွယ်ဘူး။
အဲဒီသာပေါင်းကွင်းကြီးပဲ နွေဘက်မှာ ကျွန်တော်တို့ စပါးစိုက်တာ
အဲဒီသာပေါင်းကွင်းကြီးပဲ မိုးဦးကျမှာ ကျွန်တော်တို့ ငါးဖမ်းတာ
အဲဒီသာပေါင်းကွင်းကြီးပဲ ကျွန်တော်အိမ်တွေကို မြုပ်ပစ်နေတာလေ။
ရေစီးကောင်းဖို့ဆိုပြီး  ရေလာကောင်းဖို့ဆိုပြီး
ဆည်မြောင်းက ဆည်တွေပြောင်းလိုက်တာနဲ့
ငတ်တာနဲ့ ပြတ်တာဆိုတဲ့ ကောင်တွေ
အိမ်တံခါးကို နှစ်တိုင်းလာလာခေါက်နေတာပါပဲ ဆြာ ။
ရေ  ဆယ့်ငါးပေ *
ရေ  နှစ်ဆယ့်ငါးပေ**
အခုများတော့ လှေကလေးဖြင့်သာ
တစ်နေရာမှ တစ်နေရာ
လှော်ခတ် ...လှော်ခတ်
မိုးနဲ့အတူ လေလေးများလာရင်
မှီရာဆွဲ ဖြစ်သလိုပြေး
လေတော်တော်လေးများ တိုက်လိုက်ရင်
မော်တော်လေးများ ယိမ်းသွားတာ တလှုပ်လှုပ် လှုပ်ပဲ ဆြာ။
ငါးမရ ဖားရိုက် မြွေရိုက် ကြွက်ရိုက်
ဂွဒ်မယ်ထင်တာတွေ ဒူး
ငါ့ဝမ်း ပူပြီး ဆာတာ မျိုးစပါးတွေ ကြိတ်ပီး
ကြိတ်နေရပါတယ် ဆြာ။
ထီခနဲဆို အသံ ကျယ်ကျယ် အော်တတ်တဲ့
အန်ဂျီတွေလည်း အိုကုန်တာလား
ဆြာ။
တို့များမှာ
အိမ်တွေလည်း      ပြို
လူတွေလည်း        အို
ကလေးတွေလည်း  ငို
ဝမ်းတွေလည်း      မစို
ပြို အို ငို မစို နဲ့ ကိုဆိုဗိုလို ငတ်နေတာပါ ဆြာ။
လိုအပ်ချက်တွေက ပိုပိုများ များလာပါလား..။
လူတွေ ပြောပြောနေကြတဲ့ ငကန်းကြီး သေပြီဆို
ငဆွေကလည်း ဘာလို့ အရေးတယူ မရှိတာဒုန်း
ထိနေပြီ ဆြာ ကျွန်တော်တို့ တော်တော်ထိနေပြီ
သက်ဆိုင်ရာတွေရော မသက် ဆိုင်ရာတွေရော
အမြန် လာကြပါ ကူကြပါ
ကယ်ပါ သက်ဆိုင်ရာ။
အခြေအနေ အသေးစိတ်ကတော့
ရေပေါ်မှာ အိမ်ဆင့်ပါတယ်
အိမ်ပေါ်မှာ လူ/နွား/၀က်/ခွေး/ အကုန်ဆင့်
ဆင့်ပေါ်မှာ ထပ်ဆင့်
ဆင့်ရင်းနဲ့ကို မဆင်းရသေးပါဘူး ရှင့်။
အမြန်လာရောက်၍ ကူညီပေးပါ နေရာချထားပေးပါ
ကယ်ဆည်ပါ ရန် သက်ဆိုင်ရာ အား
ကျွန်တော်/ကျွန်မ တို့ တင်ပြ အပ်ပါသည်။
ပုံ ရေသူ(ထီး/မ)များ ဧရာဝတီတိုင်းဒေသကြီး။

မောင်မြတ်သူ

*     (ကုန်းမြင့်ပိုင်း ရေလွှမ်းနေရာများ)
**   (နွေလယ်စိုက် သာပေါင်းကွင်း)

သူလည်းတိုက်ရင်း ကိုယ်လည်းခံရင်း ဖန်ခွက်ကလေးများ ခွမ်းခနဲ

  • သူလည်းတိုက်ရင်း ကိုယ်လည်းခံရင်း ဖန်ခွက်ကလေးများ ခွမ်းခနဲ

အလုပ်မရှိ ချစ်တီးခေါင်းက သန်းကို ရှာဖို့
သူ ကြိုး စားနေတယ်ကြားတယ်
အရေးမပေါ်တော့လည်း အရာကမသွင်းခံရ
အခု နောက်ပိုင်း
သူသောက်သောက်လာတာပါပဲ
သောက်ရင်ရူးတယ်
ရူးလို့သောက်တယ်လည်း သူပြော
သောက်ရင်းရူးရုးလာတော့
သူ သောက်ရူး ကြီးဖြစ်ဖြစ်လာတယ်
အမေကတော့ သူ့ကို တွေ့ရင်
အရည်တွေ သောက်သောက်မလာပါနဲ့လို့ ပြောပြောလွှတ်တာပါပဲ
အရည် မသောက် ဘာသောက်ရမလဲ သူက ပြန်ပြန်မေး
ဒီလိုနဲ့..
ဒီလိုနဲ့ တဖြည်းဖြည်းချင်း
ပြောင်းလဲယူဖို့သာ ကိုယ်ကစောင့်
ကိုယ်စောင့်တိုင်း သူက မစောင့်
သူနဲ့ကိုယ်နဲ့ သုံးနဲ့လေးပဲ
သုံးရမှာတောင် လေးလေးလာတယ်
ရင်ထဲများ မကောင်းပါ
နဂိုကတော့ ကျောချင်းကပ်
ဘာပဲဖြစ်ဖြစ် အတူတူ ရှေ့ထွက်
ခုတော့ မဖြစ်စလောက်ကလေးများ မြင်မြင်ရလည်း
မဖြစ်ညစ်ကြယ်တွေ သူ ထထတွေး
မဖြစ်နိုင်နိုင် ဖြစ် နိုင်နိုင်
ထထ လုပ်
ထထ မလုပ်ရင် ထိုင်လုပ်ရမလားလို့လည်း သူပြန်ပြန်မေးတာပါပဲ။
အင်း သူ့ခမျာ တရေးနိုးလေး ထထဆဲပြီး
နာမည်ကြီးချင်နေတာ ကိုပဲ
ကိုယ့်မှာ ပိုပို သနားမိ
တော်လှန်ရေးကာလ ကလည်း ပြီးပီဆိုတော့
တိုက်စရာကလည်း မရှိတော့
သူ့ခမျာ ခွက်ပဲ အချင်းတိုက်လိုက်
အိမ်ကြက်ချင်းပဲ အိုးမဲသုတ်ပီး တိုက်လိုက်
အိမ်ခွေးအချင်းချင်း ရှုး ထ တိုက် လိုက်
တိုက်လိုက် လိုက်တိုက်။
ကိုယ့်မလည်း ဘယ်တော့မှ နားနားမနေရ
သူရှုပ်သမျှတွေ လိုက်လိုက်ရှင်း
သူရှင်းသမျှတွေ လိုက်လိုက်ရှုပ်
သူနဲ့ကိုယ်နဲ့တော့ ဟုတ်တော့ ဟုတ်တုတ်တုတ်။
ငွေ စက္ကူတွေ စက္ကူပေါ်က ငွေတွေ
ငွေတွေနဲ့ စက္ကူတွေ
သူလည်းလိုက် ကိုယ်လည်းလိုက်
အတူတူ ကို သူဘာလို့များ တမူးပိုယူချင်တာပါလိမ့် ??
သူတိုက်လိုက် တွန်းလိုက် တိုက်တွန်းလိုက်နဲ့
ကိုယ်လည်း အတိုက်ခံလိုက် အတွန်းခံလိုက်
အတိုက်အခံဖြစ်လိုက်နဲ့
သူလည်း သောက်ရင်းရူးတဲ့သောက်ရူးကြီးကနေ
လယ်ယာမြေတွေ ခလုတ်ထထတိုက်
အလုပ်သမားတွေ ကို ခ လုတ်ထထတိုက်
အချင်းချင်းကို ခလုတ် ထထတိုက်
ဟိုအော်ဒီအော် နဲ့ ခလုတ်ထတိုက်
ခလုတ်တိုက်ရာကနေ ဖားပြုတ်ကိုက်
တရုတ်ရိုက်
ခွမ်းခနဲ မန္တလေး
ခွမ်းခနဲ မူဆယ်
သတိမမူ
ကုလားအုတ်ကြီးဝင်။

  • မောင်မြတ်သူ

Thursday, August 9, 2012

ဟောင်းဒယူဒူး မသီတာ ကိုယ် စာရေးလိုက်တယ်


  • ဟောင်းဒယူဒူး မသီတာ ကိုယ် စာရေးလိုက်တယ်

အခြေအနေ ဘယ်လို ရှိသလဲ မသီတာ
အနောက်တောင်ထောင့် အရပ်မှာလည်း
အရင်(း) အတိုင်းပဲလား
ကိုယ့်ဘက်မှာတော့ connection ကျကျ
ဖုန်း ဘီ(လ်) လည်း ကျ ကျ
လူဟာလည်း ကျကျ
ဘာ ကျသလည်း မမေးနဲ့
အကုန်လုံး အကုန် အကျ များတယ်
ရာသီဥတုက အားကစား သမားတွေ အကြိုက်တဲ့
အားမှ ကစား ဖြစ်တော့ အားကစားသမား ဘ၀ကို လွမ်းမိ
ကိုယ့်မှာတော့ ဆိုမာလီဖြစ်လိုက် ရိုဟင်ဂျာဖြစ်လိုက်
အမေရိကန် ဖြစ်လိုက် ရုရှားဖြစ်လိုက်
မြန်မာဖြစ်လိုက် ဗမာ ဖြစ်လိုက်
ရှုပ်ရှုပ် ကို ရှက် နေတာပါပဲ။
ဓါတ်လိုက်ခံချင်နေတဲ့ကောင်
ဓါတ်လိုက်တော့ မခံရဘူးဖြစ်နေတယ်
အဖေလည်း ပြန်မလာသေး
အမေလည်း ငုတ်တုတ်ပဲထိုင်နေတယ်
ဘာဆိုဘာမှလည်း မပြော
ကိုယ့်အတွက်တော့ အချိန်ဆိုတာ ဆေးခါးကြီးပေါ့
မြေနီကုန်းမှာ ကားမှတ်တိုင်ရွှေ့သွားပြီ
ပုသိမ်-မြောင်းမြလမ်းလည်း ပြန်ဖေါက်နေပြီ
အဲဒီတော့ သွားရေးလာရေးက ပိုပိုခက်ခဲသွား
ဟိုဟာကျ ဒီဟာကျ ပိုပို ခက်ခဲသွား
အိုလံပစ်ပွဲနဲ့ ရပ်ကွက်ပွဲနဲ့ မာတာနဲ့ မသီတာနဲ့
လှလှကြီးနဲ့ ကီလီမန်ဂျာရိုးနဲ့ကိုယ်လည်း ရွာရိုး
ကိုးပေါက်ပဲ
သူက ဘာကိုယ်စားပြုတယ်
ကိုယ်က ဘာကိုယ်စားပြုတယ်နဲ့
ကိုယ်တို့တတွေ ကိုယ်စားပြုလိုက်
ကိုး စားပြုလိုက် ကိုယ့် စာပြုလိုက်နဲ့
ရှုပ်ရှုပ် ကို ရှက် နေတာပါပဲ။
တွေးတာ နဲ့ တောတာ ကို ကိုယ်စဉ်းစားနေတာ ရှိတယ်
တွေးသလား တောသလား
တိုင်သလား တောသလား
တော အဓိပ္ပါယ်ကလည်း စားတယ် မသီတာ စားတယ်
နာကျင်တာတွေ အံသြတာတွေ
ပြတ်လပ်တာတွေ
မတ်တတ်သာသေလိုက်ချင်တယ် မသီတာ
မင်းလည်း
တိုင်းထားတဲ့
တပါးမှာ
အလကား မနေနဲ့ ရသလောက်သာ ခြစ်ကုတ်
ပြောတာကလွယ်တယ်လုပ်တာကခက်တယ်ဆိုတာ
တို့ဆီမှာပဲလေ
မပြောတတ်ရင် ဆဲသလိုဖြစ်လို့
ကိုယ်ဆဲပဲ ဆဲတော့တယ်
ဘာပဲ ခံရ ခံရ ပြောမှ မပြောတတ်တာ
တော်လေပြီ။

  • မောင်မြတ်သူ

လူသားအများအပြား သုံးစွဲကြသော မတူညီသည့် ဘာသာစကား


  • လူသားအများအပြား သုံးစွဲကြသော မတူညီသည့် ဘာသာစကား

စကားလုံးနှစ်လုံးဖြစ်သည်။
မြန်မာလို-အ၊ ခ(ခွေး)ျ(ယပင်း) ) ၊်(စ သတ်)ဟု စာလုံးပေါင်းသည်။
လူသိအများဆုံး ဘာသာစကားမှာ ၊ L O V E (လဗ်ဟု မြန်မာသံ ထွက်သည့် သိုးဆောင်းစကားဖြစ်)။
လူသားတို့ တီထွင်သည်။
အကောင်အထည် မမြင်ဖူးသေး။
အနံ၊အရသာ မရှိ။
သိပ္ပံပညာရှင်များ မဆန့်ကျင်သောအရာဖြစ်သည်။
ရုပ်ဝတ္ထု ၀ါဒီများလည်း လက်ခံကြသည်။
စိတ်ခံစားမှုသမားများအတွက်တော့ ဆိုဖွယ်ရာမရှိ။
ဘုရားသခင် စတင်ဆန့်ကျင်သည့် အဓိက တွန်းအားဟု ပြောကြသည်။
ပန်းသီးနှင့်လည်း ခိုင်းနှိုင်းသည်။
ကမ္ဘာဦး အစထဲကဟု ဆိုကြသည်။
အာဒံ နှင့် ဧ၀ မိဘစကား နားမထောင်ခြင်းဟု သိကြသည်။
စိတ်ခံစားမှုဟုလည်း တစ်ချို့ဆိုလိုသည်။
ဘ၀မှာ မရှိမဖြစ်ဟု တစ်ချို့များ ပြောသည်။
ကဗျာ ဆရာများ ၊ စာရေး ဆရာများ ၊ သီချင်းရေး ဆရာများ
စသည်တို့ဧ။် သုံးစွဲမှုမှ ဂန္တ၀င်ဆန်စွာ ပြန့်ပွားလာသည်။
လူတိုင်း မသုံးဖူးရင် ခေတ်မမှီသောစကားရပ်လည်းဖြစ်သည်။
တစ်ချို့က နားလည်သည်ဟုဆိုသည်။
နားလည်သည့် လူများ လည်သည်
မလည်သည့် လူများ မလည်
အကြမ်းဖျဉ်း ခွဲခြား သတ်မှတ်နိုင်ကြောင်း။
စစ်နှင့် တတန်းထားရလောက်အောင် အန္တရာယ်များကြောင်း။
ဘာသာ တရားများ ၊ ကိုယ့်ကျင့် စံနှုန်းများ ၊ အတွေးအခေါ်များ ၊
အများ အပြား အား ကန်ကျောက်ပြစ်လေ့ရှိ။
အသားအရောင်ကွာဟချက်ကို ဆန့်ကျင်သည်။
လိင်တူချင်း ဆက်ဆံခြင်းမှာ အသုံးပြုကြသည်။
ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင်ရာတွင် အဓိက အသုံးပြုလေ့ရှိသည်။
တစ်စုံတစ်ခုအတွက် မသိလည်း သုံးစွဲနိုင်သည်။
သူရဲကောင်းတော်တော်များများ မယားတရူးလျင် အသေဆိုးနှင့် သေရတတ်ကြောင်း
ဥပမာ ဥပမေယျ များစွာထားရှိကြသည်။
နီရိုး ဘုရင် တယော ၊ ကလီယိုပါထရာ လုပွဲ ၊ မင်းနန္ဒာ အသက်ရှုကျပ်၍ သေဆုံးခြင်း ၊
ရိုမီယို အဆိပ်သောက်ခြင်း ၊ မဆီမဆိုင် တိုက်တန်းနစ် ခြင်းများသည် ကြီးကျယ်သော သာဓကများဖြစ်။
ဲဂြိုလ်သားများ ၊ စက်ရုပ်များ ၊ ကွန်ပျူတာများ ၊ ကိုးမားဝင်နေသူများ မှာ မရှိဟု အကြမ်းဖျဉ်းကောက်ချက်ချသည်။
လူသားတို့ဧ။် သိမှုကို ဖော်ကြူးသည့် ဘာသာစကားသာဖြစ်ကြောင်း
နားမလည်/မသိရှိ လည်း သုံးစွဲနိုင်/ရေးသားနိုင်ကြောင်း။
ရှားရှားပါးပါး ဘုံပိုင် ပစ္စည်းတစ်ခု ဖြစ်ကြောင်း။
အများအပြား ပိုင်ဆိုင်နိုင်ကြောင်း
တစ်ယောက်မကောင်းလျင်လည်း တစ်ယောက် အချိန်မှီ ပြောင်းနိုင်ကြောင်း။
သတင်းကောင်း ပါးအပ်ပါသည် ခင်ဗျာ။

  • မောင်မြတ်သူ

မီးရထားကြီး စီး ခရီးသွားကြမည်


  • မီးရထားကြီး စီး ခရီးသွားကြမည်

ပျော်ပျော် ပါးပါး ကြီး အပျော် ခရီး သွားကြမယ်ပေါ့
လိုတာထက် ပိုမြန်ချင်ရင် အမြန်ရထားစီးပေါ့
အမြန် ရထား ဆိုပေမယ့်
မြန်ချင် မြန်တယ် မမြန်ချင် မမြန်ဘူး
လက်မှတ်
ရောင်းချင်ရောင်းတယ် မရောင်းချင် မရောင်းဘူး
ထွက်ချိန်
မှန်ချင်မှန်မယ် မမှန်ချင်မမှန်ဘူး
အရေးကြီးတာ စီးဖို့ပဲ ။
ဒါရှိ ဒါစီး ဒါမစီးရင် ဘာစီးမလဲ။
လက်မှတ်တွေ ၀ယ်ဖို့
အပေါင်းအသင်း ကဏ္ဍ လည်လည် ၀ယ်ဝယ်
ရှိမှု ဟာ အရေးပါသည်။
အထူးတန်း လို့ ပြောသည့် အထူးတန်းဆိုတာ ဘယ်လို နားလည်သလဲ?
အထူးတွေ တန်းစီထားတာကို အထူးတန်း ဟုခေါ်သည်။
ရိုးရိုးကြီးတွေလည်း တန်းထားတယ်။
ကုန်တွေသယ် ထားတဲ့ ကုန်သည်များ အများဆုံး မြင်တွေ့ရ
ကုန်တွေ ဘယ်လိုများ သယ်ကြသလဲ?
အမြန်သယ်ပို့ ဖို့အတွက် အမြန်ရထားနဲ့ သယ်ကြတယ်
ရထားပေါ် ချဉ်းကပ်မိသည် နှင့် တစ်ပြိုင်နက်
ဈေးရောင်း ဈေးဝယ်တွေ မြင်ရမယ်
ထမင်းထုပ်တွေလည်း ကြက်သားနဲ့ ငါးရာ
ပီကေတွေ ကွမ်းယာတွေ စီးကရက်တွေ။
အိပ်ချင်လာ ပါသလား အမှီအုံးလေးတွေ ငါးရာထဲ
ရောင်းကြတယ် ၀ယ်ကြတယ်
လူတွေ ရောင်းကြတော့ လူတွေဝယ်ကြ
မီးရထားကြီး ထွက်တော်မူ ဘူတာက မခွာမချင်း
ရောင်းကြ ၀ယ်ကြ
မီးရထားကြီး ထွက်တော်မူ ဘူတာက ခွာလည်း
ရောင်းကြ ၀ယ်ကြ
အထူးတန်းမှာလည်း မထူး ဆန်းတော့ပါဘူး
ရောင်းကြ ၀ယ်ကြ။
ဂျပန်မှာ ရထားစီးရင်း ရှန်ပိန်သောက်လို့ရတယ်
ဒို့များကတော့ ရထားစီးရင်း အကတိုက် သီချင်းတိုက် တိုက်ချင်ရာတိုက်
ရထားကြီးထွက်သည်နှင့်
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်
*အရှေ့ကို ရှိတ် 'အိုး' တော်ရိလျော်ရိလေးပဲ အနောက်ကို ရှိတ် 'အိုး' တော်ရိလျော်ရိလေးပဲ*
မြင်တတ်ရင် မြတ်နေတာကြီး
ပျော်တတ်တော့လည်း ပြဲ။
ကဲ မီးရထားကြီးစီး ခရီးသွားကြမည်
ပြည်တွင်းဖြစ် သံလမ်း တရုပ် ခေါင်းတွဲနှင့်။

  • မောင်မြတ်သူ
*ဂျီတုန်း နှင့် ကြက်ဖ တို့ဧ။် သီချင်းစာသား(ခေါင်းစဉ်မမှတ်မိ)

အရင်ဆုံးအနေဖြင့် ကျွန်တော့်ကိုယ် ကျွန်တော် ဆန်းစစ်ကြည့်သည် ပြီးမှ ပါတ်ဝန်းကျင်က ဆုံးဖြတ်ရန်


  • အရင်ဆုံးအနေဖြင့် ကျွန်တော့်ကိုယ် ကျွန်တော် ဆန်းစစ်ကြည့်သည် ပြီးမှ ပါတ်ဝန်းကျင်က ဆုံးဖြတ်ရန်

ပါတ်ဝန်းကျင်။
ထမင်းသိုး ဟင်းသိုး ဖြစ်တည်။
ထမင်းသိုး ဟင်းသိုး ရဲ့ အဓိပ္ပါယ်
အရင်ဆုံး ဦးစွာ လေ့လာသင့်သည်မှာ ထမင်းသိုး ဟင်းသိုးထက်
ဆန်ဘယ်ကရ??
(1) သင် မတ်မတ် ရပ်ဖူးပါသလား???
(2) သင့်အရေးအသားဟာ သင့်တွေးတောမှုအပေါ် မူတည်ပါသလား??
(3) ပညာကို ကြောက်ရွံသော ရောဂါတစ်မျိုးများ ဆွဲကပ်နေပါသလားး ??
ထမင်းသိုး ဟင်းသိုးထက် သိမှုအပုပ်အသိုးက ရှောင်ရားရန် လိုအပ်ကြောင်း။

ပန်းသီးလေး  ဆန့်ကျင်စွာ လေပေါ်ဝဲသွားတယ်
အဲဒါ ကျွန်တော် ပစ် လိုက်တာ။
(1) အစီအစဉ်အတိုင်း တဖြည်းဖြည်းချင်း ပြောင်းလဲယူ
(2) ဆိုရိုး ကို ကန်ရိုး ထုံးစံ။
(3) သင်ဧ။် အမှန်တရား တော်လှန်ရေး
တရား တရား တရား တရား
ရှာဖွေရင်းဖြင့် ရင်းဖြင့် အရင်းအမြစ်ပျောက်
မတရား မတရား မတရား။

တ ရား မျှ တ မှု အ တွက် မ တ ရား နည်း နည်း တော့ လုပ် မိ တယ် ကိုယ့် လူ။

အ မှတ် စဉ် အ ရေ မ ခံ နိုင် အောင် အရေပြားများပွန်းပဲ့။
ခေါင်းမိုးကလေးလည်း မိုးရေ တရွှဲရွှဲ။
ခေါင်မိုး။ ကလေးလည်း မိုးရေ တရွှဲရွှဲ။
စိတ်ကူးဥာဏ် ကလေးလည်း မိုးရေတွေ တရွှဲရွှဲ။
ဒိုင်မင်းရှင်း အတိုင်းပဲ ကြည့်တယ်
ကြည့်တိုင်းလည်း မမြင်ရရင် ဖျံတွေ ပြန်သွားလို့ပဲ
ကိုယ့်ရဲ့ တံဆက်မြိတ်လည်း မိုးရေတွေ ရွှဲ
ရန်ကုန်ကို လူကုံ ထံတွေ ဖုံးလွှမ်းသွားသလို
မိုးရေတွေ ရွှဲ။ မေလည်း မိုးရေတွေရွှဲ။
ဇွန်လည်း မိုးရေတွေရွှဲ။ ဇူလိုင်ကတော့ နှပ်တွေကောမိုးတွေကော။
မသိတတ်မှုတွေကို သရော်မော်ကား ပြုချင်ဟန်ဆောင်နေတယ်။
ဒီနေ့ ဒီအချိန်အထိ တိုင်းတာချက်များအရတော့
မည်သူမဆို လွတ်လပ်စွာ ဆဲရေးခွင့် ရနေတဲ့အချက်ပဲ
ဖျံတွေ မိုးပေါ်မှာပဲ ပျံအုံးမှာ ကျိန်းသေ။

အနောက်ရိုးမ။ ပြုန်းပီ။
ကချင်ပြည်နယ်။ပြုန်းပီ။
ဖျံတွေနဲ့ ငွေ အတူမနေ ပြုန်းပီ။
ပျင်းရိမှုတွေနဲ့ပဲ ဘ၀ဟာ ငြိမ်းချမ်းနေလေရဲ့။
ဘ၀ဟာပျင်းရိနေလေရဲ့။
ပျင်းရိခြင်း အကြောင်း ရှာပေးရန်
(1) ပင်ကိုယ်ပါရမီအရ မတော်မတရား ပျင်းခြင်း ဖြစ်ပါသလား??
(2) နှစ်မြုပ်ခံ အတိုင်းအတာအရ ပျင်းရိခြင်း ဖြစ်ပါသလား ??
(3) ရှေးအစဉ်အာလာကို စောင့်ထိန်း၍/မတော်လှန်နိုင်၍ ပျင်းရိပါသလား ??

အကြောင်းပြချက်တွေကို ပြန်လည်ချပြရာမှာ ပို၍ ပျင်းရိခြင်း။

လမ်းလေးထဲကို ပြန်လာတယ်
လူမှုဘ၀ အရှုပ်အထွေးတွေကို ကဗျာထဲထည့်လိုက်တယ်
လုံးဝကျိန်းသေ ပျင်းရိစရာ အခြေအနေမှာ
မပျင်းရိ
အား
ဝါကျတည်
ဆောက်ပုံတွေ
ကော်လာခ်ျ့်တွေ ကော်လာကြီးတောင့်နေပုံတွေ
ဒါမဟုတ် နောက်တစ်ခါ ပြန်ဒါ ရင်း ဒါဒါရပုံတွေ
ဖလက်ပြနေသော ဖလက်ဖ် တွေ
ပျင်းရိဖို့ ကောင်းသလို နှင့် မပျင်းရိအား
နဂို ပုံစံအား ပြန်လည် သုံးသပ်/သတ် ပီးနောက် မပျင်းရိသူ အဖြစ်မှာ
ပျင်းရိသူတွေရဲ့ စုပ်လုံးတွေ ၊ ၀ါးပီးသား ပီကေတွေ ၊
ငြီးငွေ့မှု လက်တံတွေ လာလာကပ်။
နောက်ပိုင်းအား အလွမ်းဇာတ်အဖြစ် ရှုမြင်ပါ။

ကျွန်တော်ဟာ လစ်ရစ် နွံမှာ ပျော်ရွှင်စွာ ကျွံဝင်သူပါ။
ကျွန်တော်ဟာ ငါအဓိကထား ငါလေးပါ။
ကျွန်တော်ဟာ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းအောင်ရဲ့ အရေးဟု ထင်မြင်သူပါ။
ကျွန်တော်ဟာ ကျွန်တော့်အကြောင်း ကဗျာရေးသူပါ။
ကျွန်တော်ဟာ အဆံမပြည့် လူ့ခြင်္သေ့ဆိုသူများကို မပစ်ပယ်လိုသူပါ။
ကျွန်တော်ဟာ ဆင်နှစ်ကောင် ဖင်ထောင်ကအောင် လေကျယ်သူပါ။
ကျွန်တော်ဟာ ယခုရေးသားထားမှုများအား ကန်ပစ်ချင်သူ။
ကျွန်တော့်အကြောင်း ကျွန်တော်မသိပါကနေ ပြန်လည်ရှင်းလင်းပြောဆိုပါ့မည် ။

ဥပဒေ ဟို သွားလာနေသော လူများ ပြည့်ကျပ်ညပ်နေသော
လမ်း

တိုးဝှေ့
ဝင်
ရောက်လာသောအခါ။
လေးလံလာပါကြောင်း။
ပြည့်ညှပ်လာပါကြောင်း။
ရုပ်ပိုင်းဆိုင်ရာ အဓိက မိသားစု နှင့်
လူသားဆန်မှုများကို ထည့်မသုံးလိုပါ။
နှင့်
ဝေလေလေ ကန်ပိမ်း။
ကိုယ့် ညီလာခံ နှင့် ကိုယ် ထောက်ခံလေ့ရှိ။

1,2,3 များသည် အမေး များဖြစ်သည်။
1,2,3 များသည် အဖြေ များဖြစ်သည်။
1,2,3, များသည် ဖြေရှင်းချက်များဖြစ်သည်။
အမေးများ အဖြေ များ ဖြေရှင်းချက်များ
မရှိသည့်
ဘဝ
နတ္ထိ
ဟုသာ။

  • မောင်မြတ်သူ

Wednesday, August 8, 2012

ဖြတ်လျှောက်

  • ဖြတ်လျှောက်
1. ဇာတ်ဝင်ခန်းတစ်ခန်းရှေ့မှောက် ဖြတ်လျှောက်
2. ဇာတ်ဝင်ခန်းတစ်ခန်း ရိုက်ကွင်းဘေးနား ဖြတ်လျှောက်
1. အပိုင်းပိုင်း ခွဲခြမ်းပြီး အရာမ၀င်တော့သော ဒါရိုက်တာ ဖြတ်လျှောက်
2. Welcome to the Myaung Mya ဆိုင်းဘုတ်အောက်က ဖြတ်လျှောက်
1. အမေ့ ၀မ်းကြာတိုက်သို့ ဖြတ်လျှောက် 1991 ထင်ရတာပဲ
2. လှည်းတန်းသို့ အလားတူ မဖြစ်ညစ်ကယ် ဖြတ်လျှောက်
1. နယူးယောက်မြို့အား တစ်ဝက်ခြမ်း၍ ဖြတ်လျှောက်
2. 'တပ်မတော်အင်အားရှိမှ..တိုင်းပြည်.(အင်း အဲ အူး မသိဘူး)....' ဆိုင်းဘုတ်အောက်က ဖြတ်လျှောက်
1. လုံးချော နှင့်ထိုးသတ်ပွဲအတွက် ပရိသတ်ဘေးက ဖြတ်လျှောက်
2. ရှောင်မေ့လေး အားငမ်းရန် အိမ်ဘေးက ဖြတ်လျှောက် (ခြေအေးဝမ်းရောင်ဖြစ်)
1. ရှောင်ရင်းနဲ့ မေ့တာလား ရှောင်မေ့ ဟုအော်ဟစ် ဖြတ်လျှောက် (နောက်တစ်ဖန်)
2. ထပ်ပြန်တလဲလဲ ဖြစ်စဉ်များအား ဖြတ်လျှောက်
1. အထက်တန်းကျောင်း ပညာရေးအား အထက်တန်းကျစွာ ဖြတ်လျှောက်
2. ဖြတ်လျှောက် ကဒ် ဟုမအော်မချင်း
1. ဖြတ်လျှောက် မင်းပြီးဆုံးမသွားမချင်း
2. ကြံရာပါပါ မပါပါ ဖြတ်လျှောက် ပါပါ မပါပါ ဖြတ်လျှောက်
1. တော်တော်ညံလို့ ဖြတ်လျှောက်တာလား ဖြတ်လျှောက်
2. အာမခံနှင့် ကုသပေးနေပါတယ် ဖြတ်လျှောက်
1. မန်ယူညများဟာ ဖြတ်လျှောက်အတွက်ပါ ဖြတ်လျှောက်
2. ကိုငှက်ရဲ့ သီချင်းများဟာ သင့်အား အိမ်လွမ်းစေပါသလား ဖြတ်လျှောက်
1. ကဗျာအပေါ် ဖြတ်လျှောက်
2. ဖြတ်လျှောက် ရုံတင်ပါဖြတ်လျှောက် ဖြတ်လျှောက်ခဲ့သမျှအတွက်
1. 'စရိတ်မျှပေး.. ရောဂါပေး' ဆိုင်းဘုတ်အောက်သို့ ဖြတ်လျှောက်
2. ဖြတ်လျှောက် စိတ်ဓါတ်ကို ကုသရန်ပါ ဖြတ်လျှောက်
1. ဖြတ်လျှောက် စစ်ပွဲများအတွင်း ဖြတ်သာလျှောက်ခဲ့တာဟာ ဖြတ်လျှောက်
2. အရည်အချင်းစစ်စစ် မစစ်စစ် ဖြတ်လျှောက်

ဖြတ်လျှောက်ယုံအပြင် ဘယ်အရာမှ သတိမပြုမိ။
(1နှင့်2ဟာ ပကတိ သုည ဖြစ်လျက်  ဖြတ်လျှောက်)

  • မောင်မြတ်သူ